ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေ (၁၈၇၂ ခုနှစ်) အရ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်ကိစ္စ

နေပြည်တော် စက်တင်ဘာ ၁
 
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၂၅-၅-၂၀၂၀ ရက်စွဲပါ စာအမှတ် ၁၃၆ / စု - ၃၅ / ၂၀၂၀ (လထန) ဖြင့် ထုတ်ပြန်သည့် "ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေ (၁၈၇၂ ခုနှစ်) အရ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် ထိမ်းမြားခြင်းဆောင်ရွက်ရာတွင် လိုက်နာရန်ကြေညာချက်" နှင့်အတူ ၁၉၇၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ် www.unionsupremecourt.gov.mm တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယခုဆက်လက်၍ ၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်းကို Update ပြုလုပ်၍ ထပ်မံထုတ်ပြန်ပါသည်။

PDF File Upload