ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးကို ၂၀၁၁ ခုနှစ်၊ မတ်လမှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ် ခဲ့ပါသည်။ ယခင်က ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်အဖြစ် ခန့်အပ်ခြင်းခံရပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးကို ၁၉၅၈ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေးစာယူ သင်တန်းဖြင့် ဥပဒေဘွဲ့ (LL.B) ကိုရရှိခဲ့ပါသည်။ စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ၂၄ နှစ်ကျော် တာ၀န်ထမ်းဆောင် ခဲ့ပါသည်။ ဦးသာဌေးသည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါသည်။
